Breaking News

6/recent/ticker-posts

Header Ads Widget

Responsive Advertisement

ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတားအမှတ် ၂ ကို ထိုင်းဘက်က ပိတ်လိုက်

THAI PBS NORTH
ဧပြီ ၁၁ ရက် မနက်ပိုင်းမှာ တွေ့ရတဲ့ ချစ်ကြည်ရေးတံတား အမှတ် ၂
 

    ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အဓိကသုံးနေတဲ့ ချစ်ကြည်ရေးတံတားအမှတ် ၂ ကို ဒီကနေ့ မနက်ပိုင်းမှာ ထိုင်းဘက်က ပိတ်လိုက်ပြီလို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလုပ်နေသူတချို့ဆီကနေသိရပါတယ်။ ဒီတံတားဟာ ကုန်ကားတွေသွားတဲ့ တံတားဖြစ်ပြီး KNUနဲ့တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းလိုက်တဲ့ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅နဲ့ နီးစပ်တဲ့နေရာဖြစ်ပါတယ်။

    ခလရ ၂၇၅က စစ်ကောင်စီတပ်သားတွေလည်း ဒီတံတားနားကိုပြေးကြတယ်လို့လည်း သိထားရတာပါ။ မြဝတီမြို့‌ပေါ်က မပြောင်းရွှေ့ရသေးတဲ့ ဒေသခံတွေကလည်း မဲဆောက်ဘက်ကို ကူးဖို့ ကျန်နေတဲ့ အမှတ် ၁ တံတားပါ ပိတ်သွားမှာစိုးရိမ်နေကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“အမှတ်၂ တံတားက အမြန်လမ်းကနေလာရလွယ်တဲ့နေရာမို့ လုံခြုံရေးအရပိတ်ချလိုက်တယ်ထင်တယ်။ မြို့ပေါ်မှာတော့ အခုထိငြိမ်နေတယ်။ ကျွန်တော်တော့ မဲဆောက်ဘက်ပြောင်းဖို့လုပ်နေပြီလို့” အဲ့ဒီမြဝတီ မြို့ ခံ ကပြောပါတယ်။

မနေ့ကတစ်ရက်တည်းမှာတင် အမှတ် ၁ တံတားကနေ ထိုင်းဘက်ကို ကူးကြတဲ့ မြန်မာ ၄၀၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။


~~~ Cast ~~~

  • Reporting by BBC

  • ®️ Reference By BBC.

© Vuu Party News, 2024. All Rights Reserved.

℗ Publish By Vuu Party website.


Post a Comment

0 Comments