Breaking News

6/recent/ticker-posts

Header Ads Widget

Responsive Advertisement

စစ်ကောင်စီလွတ်ငြိမ်းမှာ နိုင်/ကျဥ်း ၅၀ ခန့်သာပါဝင်

AFP
၂၀၂၄ ဧပြီ ၁၇ရက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာမယ့်သူတွေကို စောင့်ဆိုင်းနေတဲ့သူတွေ

    စစ်ကောင်စီရဲ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတဲ့ အကျဥ်းသား ၃ ထောင်ကျော်ထဲမှာနိုင်ငံရေးအကျဉ်းသား ၅၀ ဝန်းကျင်နဲ့အနည်းအကျဥ်းသာပါလာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဝာာဝန်ရှိသူက ကနဦးသူတို့ရထားတဲ့စာရင်းအရပြောပါတယ်။ 

“တချို့နာမည်ရှိတဲ့ထောင်တောင်မှနိုင်/ကျဉ်းလွတ်တာနည်းတယ်။ လွတ်ငြိမ်းမပါတဲ့ နိုင်ကျဉ်းတွေကတော့ တော်လှန်ရေးကိုယုံကြည်ပြီးအထဲမှာအားတင်းပြီးနေကြတယ်လို့ သတင်းစကားပါးလာပါတယ်”လို့ PPNMက ကိုသိုက်ထွန်းဦးကပြောပါတယ်။ 

 ရန်ကုန် အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသား ၉၀၀ ကျော် လွတ်ငြိမ်းခွင့်ရခဲ့တဲ့အထဲမှာ နိုင်/ကျဉ်း ၁၈ဦး၊ မန္တလေးတိုင်းအတွင်း အိုးဘိုထောင်အပါအဝင် တခြားအကျဉ်းထောင်တွေကနေ အကျဥ်းသား ၅၀၀ နီးပါးလွတ်ခဲ့‌ပေမဲ့ နိုင်/ကျဥ်းအရေအတွက်ဆယ်ဂဏန်းတောင်မရှိဘူးလို့ ဆိုပါတယ်။ စစ်‌တွေထောင်က ၁၀ ဦးနဲ့ မြင်းခြံ‌ထောင်မှာ လွတ်ရက်နီးတဲ့နိုင်ကျဉ်းတချို့ လွတ်တာရှိတယ်လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်ကပြောပါတယ်။ ဒါ့အပြင် ပြစ်ဒဏ်ရဲ့ ၆ပုံ၁ပုံသက်သာခွင့်ပေးတဲ့ ဥပ‌ဒေပုဒ်မတွေမှာလည်း နိုင်ကျဉ်းတွေအများစုကို တပ်ထားတဲ့ပုဒ်မတွေ မပါတာကို စစ်ကောင်စီကြေညာချက်မှာတွေ့ရပါတယ်။

Post a Comment

0 Comments