Breaking News

6/recent/ticker-posts

Header Ads Widget

Responsive Advertisement

တရုတ်-မြန်မာနယ်စပ်မှာ တရုတ်ဘက်က လေကြောင်းရန်ကာကွယ်ရေးစစ်ရေးလေ့ကျင့်

SCREEN GRAB

၂၀၂၄ ဧပြီ၂ရက်နေ့တုန်းကလည်း တရုတ်-မြန်မာနယ်စပ်မှာ တရုတ်ဘက်ကစစ်ရေးလေ့ကျင့်ခဲ့ပါသေးတယ်

    တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်နယ်ဝန်းက နှစ်စဉ်စစ်ရေးလေ့ကျင့်ရေး အနေနဲ့ တရုတ်-မြန်မာနယ်စပ်မှာ လေကြောင်းရန်ကာကွယ်ရေးလက်တွေ့ ပျံသန်း လေ့ကျင့်ခန်းကို ကြည်းတပ်နဲ့လေတပ်ပေါင်းပြီး ဧပြီ ၁၇ရက်နေ့မှာ ဆောင်ရွက်ခဲ့တယ်လို့ တောင်ပိုင်းစစ်နယ်ဝန်းကထုတ်ပြန် ပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ တပ်ဖွဲ့တွေရဲ့ ကြိုတင်ကင်းထောက်နိုင်စွမ်းတွေ၊တားဆီးပိတ်ဆို့နိုင်စွမ်း နဲ့လေကြောင်းရန်ကာကွယ်ရေး တိုက်ခိုက်နိုင်စွမ်းတွေကို စမ်းသပ်ဖို့ ရည်ရွယ်တယ် လို့ PLA တောင်ပိုင်းစစ်နယ်ဝန်းထုတ်ပြန်ချက်မှာဆိုထားပါတယ်။ ‌

    နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ၊ နယ်စပ်တည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုတို့ကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် အရေးပေါ်အခြေအနေ အမျိုးမျိုးအတွက် တောင်ပိုင်းတိုင်း စစ်နယ်ဝန်းကအမြဲအသင့်ရှိနေတယ်လိုလည်း ပြောထားပါသေးတယ်။

Post a Comment

0 Comments