Breaking News

6/recent/ticker-posts

Header Ads Widget

Responsive Advertisement

မြဝတီမြို့စောင့်တပ်ကို KNLA သိမ်းယူ

 

The Reporters
ထိုင်း-မြန်မာနယ်စပ် အမှတ် (၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီး လုံခြုံရေးယူနေသော ထိုင်းစစ်တပ် တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။

    ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့က စစ်ကောင်စီရဲ့ မြို့စောင့်တပ် ခလရ -၂၇၅ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းယူလိုက်ပြီလို့ ထိုင်းသတင်းမီဒီယာတွေက ဧပြီလ ၁၁ ရက် ဒီနေ့မှာ သတင်းဖော်ပြပါတယ်။

    ခလရ -၂၇၅ က ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်သား နှစ်ရာခန့်ဟာ အမှတ် (၂) တံတားအနီးက ကုန်ကားဝင်းထဲမှာ ရောက်ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သိမ်းလိုက်တယ်ဆိုတာ လက်နက်ချတာမျိုးမဟုတ်ဘူး။ အမှတ် (၂) တံတားဘက်ကို ဆုတ်သွားတာ။ အဲဒီ တံတားနားက ကုန်ကားဝင်းထဲမှာ အယောက် နှစ်ရာလောက် ဒဏ်ရာရတဲ့သူတွေရော ရှိနေတယ်”

    မြ၀တီမြို့ကို ဦးတည်ပြီးသွားနေတဲ့ စစ်ကောင်စီတပ်သားနှစ်ယောက်ကိုလည်း လမ်းမှာ တွေ့ရတယ်လို့ သူက ပြောပါတယ်။

    ကရင် အမျိုးသားအစည်းအရုံး KNU ကတော့ ခလရ-၂၇၅ ကို ဧပြီလ ၁၁ ရက် ဒီနေ့မနက်အစာပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

    ခလရ-၂၇၅ က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကတော့ မြ၀တီတံတားအမှတ် (၂) မှာ သွားရောက်ပုန်းရှောင်နေကြောင်းနဲ့ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်ရှိနိုင်တာ ကြောင့် ပြည်သူတွေ ဘေးလွတ်ရာမှာ သတိပြုနေထိုင်ကြဖို့လည်း KNU က အသိပေးထားပါတယ်။

    စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ခလရ ၂၇၅ သိမ်းပိုက်ခံရတယ်ဆိုတာ မမှန်ကြောင်း ရေးသားဖော်ပြကြပါတယ်။

    ဒီနေ့မနက်အထိ မြဝတီမြို့ဒေသခံတွေဟာ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားကတစ်ဆင့် ထိုင်းနိုင်ငံဘက်ကိုကူးဖို့ စောင့်ဆိုင်းနေကြပြီး တံတားမှာ ပုံမှန်အတိုင်းသွားလာမှု ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

~~~ Cast ~~~

  • Reporting by RFA Burmese.

  • ®️ Reference By RFA Burmese.
  • All Rights Reserved.
  • © Vuu Party News, 2024

℗ Publish By Vuu Party website.

Post a Comment

0 Comments